ဟင်းနုနွယ်ကို ရေနွေးဆူဆူမှာ ဆီ ဆားအနည်းငယ် ထည့်ပြီး တမိနစ်လောက်ပြုတ်ပါ
ပြီးလျှင် ရေစစ်ပါ ရေနာနာလေးညစ်ပါ ရေအားလုံး ကုန်သွားရင် ပါးပါးလှီးပါ
ကြက်သွန်နီပါးပါးလှီး နှမ်းလှော် ပုစွန်ခြောက်တို့ကို အဆင်သင့်ပြင်ပါမယ် ဆီချက်ချက်ထားပါမယ်
သုပ်မယ်ဆို ဟင်းနုနွယ်ထည့်မယ် ကြက်သွန်နီ ထည့်မယ် ပုစွန်ခြောက်မှုန့် နှမ်းထောင်း အရသာအတွက် အချိုမှုန့် ငံပြာရည် ထည့်မယ် ပြီးရင် ဆီချက်ထည့်မယ် သံပုရာရည် ညှစ်ကာ သုပ်လို့ရပါပြီ
အစိမ့်စားရတာ ဖြစ်သည့်အတွက် ငရုတ်သီးမှုန့် မထည့်ပါဘူးရှင်
#salad

Dining and Cooking